Blog Detail

  • red-flags-employee-3-month-probation_683.png

    အစမ်းခန့်ကာလ (၃) လအတွင်း သတိပြုသင့်တဲ့ ၀န်ထမ်းတစ်ယောက်ရဲ့ 𝗥𝗲𝗱 𝗙𝗹𝗮𝗴 များ

    အစမ်းခန့်ကာလ (၃) လအတွင်း သတိပြုသင့်တဲ့ ၀န်ထမ်းတစ်ယောက်ရဲ့ 𝗥𝗲𝗱 𝗙𝗹𝗮𝗴 များ 

    ဝန်ထမ်းသစ်ခေါ်ယူနေတဲ့ လုပ်ငန်းရှင်များအတွက် နောက်ထပ်သတိထားသင့်တဲ့ အချိန်တစ်ချိန်ကတော့ အစမ်းခန့်ကာလ ( ၃ ) လအတွင်းဖြစ်ပါတယ်။ အစမ်းခန့်ဝန်ထမ်းတစ်ယောက်ရဲ့ 🚩Red Flag အမူအကျင့် 🚩တွေကို အောက်ကအချက်တွေနဲ့ သတိထားနိုင်ပါတယ်။

    👇👇

    🚩မကြာခဏအလုပ်နောက်ကျခြင်း / ခွင့်ယူခြင်း

    ပထမအစမ်းခန့်ကာလ ( ၃ ) လအတွင်း မကြာခဏအလုပ်နောက်ကျတာ ၊ ခွင့်ယူတာ အချိန်နဲ့ပတ်သက်ပြီး တလေးတစားမရှိတဲ့အပြုအမူတွေ ကြုံတွေ့ရပြီဆိုရင် ဒါဟာ အစမ်းခန့်ဝန်ထမ်းတစ်ယောက်ရဲ့ Red Flag တစ်ခုဖြစ်ပါတယ်။

    🚩သင်ယူလေ့လာလိုစိတ်မရှိခြင်း

    လုပ်ငန်းခွင်သစ်ကို ဝင်ရောက်လာပြီဆိုတာနဲ့ ဝန်ထမ်းသစ်တွေအတွက် Tasks အသစ်တွေလုပ်ဆောင်ရတာ ၊ Workflow တွေကို သိရှိအောင်လုပ်ရတာ ၊ မသိသေးတဲ့ အပိုင်းတွေကို လေ့လာရတာမျိုးတွေမှာ သင်ယူလေ့လာလိုစိတ်မရှိ ၊ စိတ်ဝင်စားမှုမရှိတဲ့ အပြုအမူမျိုးတွေတွေ့နေရပြီဆိုရင်တော့ ဒီအချက်ဟာ အစမ်းခန့်ကာလမှာတင်မဟုတ်ဘဲ Long Term Performance ထိပါ ထိခိုက်နိုင်လာစေမယ့် အပြုအမူတစ်ခုဖြစ်ပါတယ်။

    🚩အကြံပေးချက်များကို လက်မခံခြင်း

    အစမ်းခန့်ကာလ ( Probation Period ) ဆိုတာက ဝန်ထမ်းသစ်တစ်ယောက်အတွက် သင်ယူလေ့လာနေဆဲကာလတစ်ခုဖြစ်ပါတယ်။ ဒီလိုကာလမှာ အမြဲတမ်း Feedback တွေကရရှိမှာဖြစ်ပါတယ်။ ဒီလို Feedback တွေကို လက်မခံတာ ၊ ငြင်းဆန်တာမျိုးတွေ ကြုံတွေ့နေရပြီဆိုရင် လုပ်ငန်းခွင်မှာ ဒီဝန်ထမ်းဟာ အံဝင်ခွင်ကျဖြစ်ဖို့ ခက်ခဲနိုင်တဲ့ အချက်တစ်ခုဖြစ်ပါတယ်။

    🚩အသင်းအဖွဲ့နဲ့ မလုပ်ဆောင်တက်ခြင်း

    ဝန်ထမ်းသစ်ဟာ တစ်ယောက်တည်း လုပ်ကိုင်တက်တဲ့အပြုအမူတွေမျိုး‌တွေရှိနေတာ ၊ Team နဲ့အလုပ်အတူတူတွဲလုပ်တဲ့အခါမှာ ပူးပေါင်းလုပ်ဆောင်တာမျိုးတွေမရှိနေတာ မျိုးတွေဟာလည်း လုပ်ငန်းခွင်မှာ ရေရှည်အတွက် အဆင်မပြေနိုင်စေမယ့် အချက်တစ်ခုဖြစ်ပါတယ်။

    🚩မေးခွန်းမေးဖို့ ၊ အကူညီတောင်းဖို့ တုံ့ဆိုင်းနေခြင်း

    ဝန်ထမ်းသစ်တစ်ယောက်အနေနဲ့ အစမ်းခန့်ကာလမှာ မေးခွန်းတွေမေးဖို့လိုအပ်ပါတယ်။ ဒီလိုအချိန်မှာ မသိနားမလည်တာတွေကို မေးခွန်းတွေမေးမြန်းမှုမရှိတာ ၊ လိုအပ်တဲ့အကူညီတွေမတောင်းတက်တာမျိုးဟာလည်း ရေရှည် လုပ်ငန်းခွင်မှာ တိုးတက်မှုနှောင့်နှေးစေနိုင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။

    📌 မိမိရဲ့လုပ်ငန်းခွင်မှာ လက်ရှိ ခန့်ထားတဲ့ အစမ်းခန့်ဝန်ထမ်းတစ်ယောက်မှာ ဒီလိုမျိုး Red Flag တွေကြုံတွေ့နေရပြီဆိုရင်တော့ _

    ✔️ ပွင့်ပွင့်လင်းလင်းမေးမြန်းပါ - အစမ်းခန့်ဝန်ထမ်းရဲ့ Performance လိုအပ်ချက်တွေကို နှစ်ဦးတည်းသီးသန့် ပွင့်ပွင့်လင်း ပြောဆို မေးမြန်းပါ။
    ✔️ ငြိနှိုင်းပါ - သူ့ဘက် ၊ ကိုယ့်ဘက်လိုအပ်ချက်တွေကို ငြိနှိုင်းကြည့်ပါ။
    ✔️ ကြိုတင်ပြင်ဆင်ပါ - အပေါ်က ( ၂ ) ချက်လုပ်ဆောင်ပြီလို့ အစမ်းခန့်ဝန်ထမ်းဟာ အဆင်မပြေဘူးဆိုရင်တော့ ဝန်ထမ်းသစ်ခေါ်ယူဖို့အတွက်ကြိုတင်ပြဆင်ထားပါ။

    ---------------------------------------------------------------

    📢 ပြည်တွင်း ၊ ပြည်ပရှိ Top Talents များကို အချိန်နဲ့တစ်ပြေးညီရှာဖွေချင်တယ်ဆိုရင်တော့ Career Link ရဲ့ Services တွေကို အသုံးပြုရင်း ဝန်ထမ်းသစ်တွေကို အချိန်မှီရှာဖွေခန့်အပ်နေနိုင်ပါပြီ။

Information
Contact Us
Dhama Yarzar Road, Building No (957), 5th Floor, Room (A), South Okkalapa Township, Yangon, Myanmar.