Blog Detail

  • 7-red-flags-for-identifying-wrong-candidates-in-interviews_984.png

    𝗜𝗻𝘁𝗲𝗿𝘃𝗶𝗲𝘄 မှာ 𝗪𝗿𝗼𝗻𝗴 𝗖𝗮𝗻𝗱𝗶𝗱𝗮𝘁𝗲𝘀 မှန်းသိနိုင်စေမယ့် 𝗥𝗲𝗱 𝗙𝗹𝗮𝗴 (၇) ချက်

    𝗜𝗻𝘁𝗲𝗿𝘃𝗶𝗲𝘄 မှာ 𝗪𝗿𝗼𝗻𝗴 𝗖𝗮𝗻𝗱𝗶𝗱𝗮𝘁𝗲𝘀 မှန်းသိနိုင်စေမယ့် 𝗥𝗲𝗱 𝗙𝗹𝗮𝗴 (၇) ချက်

    🚩၁။ Interview အချိန်ကိုနောက်ကျမှရောက်လာတာ

    အရေးကြီးဆုံးအချက်ကတော့ အချိန်တိကျမှုရှိဖို့ဖြစ်ပါတယ်။ Interview ချိန်ကို နောက်ကျမှရောက်လာတဲ့ Candidate ဟာ လုပ်ငန်းခွင်တစ်ခုမှာ Professional ဆန်ခြင်းတစ်ခုဖြစ်ပါတယ်။ Candidate သာမက Interviewee ဘက်ကလည်း အချိန်တိကျဖို့လိုအပ်ပါတယ်။

    🚩၂။ ကုမ္ပဏဏီအကြောင်းမလေ့လာထားတာ

    Candidates တစ်ယောက်အန ကိုယ်လျှောက်တဲ့ကုမ္ပဏီအကြောင်းကို မလေ့လာမစုံစမ်းထားတာက ဒီအလုပ်နဲ့ပတ်သက်ပြီး လေးနက်မှုမရှိတာ ၊ စိတ်၀င်စားမှုမရှိတာကို ပြနေတဲ့ Red Flag တစ်ခုဖြစ်ပါတယ်။ Interview ဖြေဆိုရမယ့် ကုမ္ပဏီရဲ့ စံနူန်းတွေကိုဘယ်လိုရှိလဲ ၊ ဘယ်လိုမျိုး Products တွေ ၊ ဝန်ဆောင်မှုတွေပေးနေလဲဆိုတာကို သိထားဖို့လိုပါတယ်။

    🚩၃။ အရင်အလုပ်နဲ့ပတ်သက်တဲ့ မကောင်းကြောင်းတွေကိုပြောဆိုတာ

    Interview မှာ Candidate က အရင်လုပ်ခဲ့တဲ့ လုပ်ငန်းခွင်က အလုပ်ရှင်တွေ ၊ အလုပ်သမားတွေရဲ့ မကောင်းကြောင်းကို ပြောဆိုတာမျိုးကို တွေ့ရပြီဆိုရင်လည်း ဒါဟာ Professional မဆန်ကြောင်း ပြနေတဲ့အပြုအမူတစ်ခုဖြစ်ပြီး ၊ လုပ်ငန်းခွင်မှာပါ ပြဿနာတွေကိုဖြစ်စေနိုင်တဲ့ သတိထားသင့်တဲ အပြုအမူဖြစ်ပါတယ်။

    🚩၄။ တိကျတဲ့ရည်မှန်းချက်မရှိတာ

    နောက် ( ၅ ) နှစ်ကြာရင် ဘာဖြစ်ချင်လဲလို့မေးလေ့ရှိတဲ့ Interview Question တွေမှာ တိကျသေချာတဲ့အဖြေမျိုးမရှိနေတာ ၊ CV ထဲမှာလည်း Industry မတူတဲ့အလုပ်တွေကိုလည်း ခဏခဏပြောင်းလုပ်ထားတာမျိုးကို တွေ့ရပြီဆိုရင် ဒီလိုဝန်ထမ်းမျိုးဟာ ကိုယ့်ရဲ့လုပ်ငန်းခွင်အတွက်လည်း စိတ်ခွန်အားအပြည့်နဲ့ ရေရှည်ကြိုးစားလုပ်ကိုင်နေတာမျိုးကို မျှော်မှန်းလို့မရနိုင်စေမယ့် အချက်ဖြစ်ပါတယ်။

    🚩၅။ Professional မဆန်တဲ့အဝတ်စားများဝတ်ဆင်ခြင်းနှင့် အပြုအမူများ

    Informal အဝတ်အစားတွေဝတ်ဆင်လာတာ ၊ မကြာခဏ ဖုန်းကိုထုတ်ထုတ်ကြည့်နေတာ ၊ ခုံကိုပျင်းတိပျင်းရွဲနဲ့ထိုင်နေတာ ၊ Interviewee ကို မျက်လုံးလွှဲပြီးဖြေဆိုနေတာ စတဲ့ Body Language တွေနဲ့ ဝတ်ပုံစားပုံတွေကိုကြည့်ရင် Red Flag Candidate ကိုချက်ချင်းသိနိုင်ပါတယ်။

    🚩၆။ ယုံကြည်မှုလွန်ကဲနေသော Candidates များ

    “ငါတော်တယ် ၊ ငါတက်တယ်” ဆိုတဲ့ စိတ်ထားမျိုးရှိတဲ့ ကိုယ့်ကိုယ့်ကိုယုံကြည်မှုလွန်ကဲနေသော Canditate မျိုးဟာလည်း လုပ်ငန်းခွင်မှာ အဖွဲ့အစည်းနဲ့လုပ်ဆောင်ရတဲ့အခါမျိုးတွေ ၊ လုပ်ဆောင်ရည်နဲ့ပတ်သက်တဲ့ Feedback တွေပေးတဲ့အခါမှာ အခက်ခဲတွေတွေ့နိုင်ပါတယ်။

    🚩၇။ လစာနဲ့ အကျိုးခံစားခွင့်များကိုသာ အာရုံစိုက်သူများ

    လစာတောင်းဆိုညှိနိူင်းတာတွေဟာ Interview Process မှာအရေးပါတဲ့ အရာတစ်ခုဖြစ်ပေမယ့် လုပ်ရမယ့် Job Responsibilites တွေထက် အကျိုးခံစားခွင့်လစာကိုဘဲ ပိုစိတ်ဝင်စားနေတဲ့ Canditiate တွေဟာလည်း ခေါ်ယူနေတဲ့အလုပ်ကိုင်ကို အမှန်တကယ်စိတ်မဝင်စားတာ ၊ ကိုယ်ကျိုးအတွက်ဘဲ ကြည့်တက်တဲ့ ဝန်ထမ်းမျိုးဖြစ်နိုင်ချေရှိတဲ့အတွက် ဒီလို Canditates မျိုးဟာလည်း Red Flag တွေဖြစ်တက်ပါတယ်။

    --------------------------------------------------

    🚩 ဒါတွေကိုတော့ အလုပ်ခေါ်ယူနေတဲ့ လုပ်ငန်းရှင်တွေ ၊ HR တွေအတွက် Interview ခေါ်ယူတဲ့အချိန်မှာ Wrong Candidates မှန်းသိနိုင်စေမယ့် Red Flag အချက်တွေဖြစ်ပါတယ်။ 👇

    ဒီလိုမျိုး Red Flag Candidates တွေကို Right Candidates တွေကို အချိန်တိုအတွင်းလျင်မြန်စွာ ရှာဖွေခေါ်ယူချင်တယ်ဆိုရင်တော့ Career Link ရဲ့ အကောင်းဆုံးဝန်ထမ်းရှာဖွေရေး Service တွေကိုရယူပြီး အရည်ချင်းပြည့်၀သော ပြည်တွင်းပြည်ပ ဝန်ထမ်းကောင်းများကိုရှာဖွေ ခန့်အပ်နိုင်နေပါပြီ။

    👉 Career Link ရဲ့ ဝန်ဆောင်မှုများအကြောင်း အသေးစိတ် ကို Phone ( or ) Email တို့မှတစ်ဆင့် စုံစမ်းမေးမြန်းနိုင်ပါပြီ။

Information
Contact Us
East Race Horse Course Road, Building No. (40), 3rd Floor, Room A, Tarmwe Township.