Blog Detail

  • red-flags-toxic-workplace-indicator_906.png

    𝗧𝗼𝘅𝗶𝗰 လုပ်ငန်းခွင်ထဲ ထဲရောက်နေကြောင်း သိနိုင်စေမယ့် 𝗥𝗲𝗱 𝗙𝗹𝗮𝗴 များ

    𝗧𝗼𝘅𝗶𝗰 လုပ်ငန်းခွင်ထဲ ထဲရောက်နေကြောင်း သိနိုင်စေမယ့် 𝗥𝗲𝗱 𝗙𝗹𝗮𝗴 များ 

    ဝန်ထမ်းတစ်ယောက်အနေနဲ့ အလုပ်မှာ တိုးတက်သင့်သလောက် မတိုးတက်ဖူးလို့ခံစားနေရာတာဟာ တစ်ခါတစ်လေမှာ ကိုယ့်ကြောင့်မတိုးတက်တာမျိုးမဟုတ်ဘဲ လုပ်ငန်းခွင်ကြောင့်လည်းဖြစ်နိုင်ပါတယ်။၊ 💼❗❗

    👉🏻🔓 ကိုယ်လုပ်နေတဲ့လုပ်ငန်းခွင်ဟာ စနစ်ကျ ✔️မှန်ကန်တဲ့ လုပ်ငန်းခွင် ၊ ✔️တိုးတက်မှုအခွင့်လမ်းတွေရှိမှ စိတ်ကျေနပ်မှုအပြည့်ရှိတဲ့ လုပ်ငန်းခွင်အောင်မြင်မှုတွေကိုရရှိနိုင်မှာဖြစ်ပါတယ် ။

    လက်ရှိမှာ ကိုယ်‌ရောက်နေတဲ့ လုပ်ငန်းခွင်ဟာ ကိုယ့်အတွက် မှန်ကန်တဲ့ နေရာ တစ်ခုဖြစ်နိုင်ရဲ့လားဆိုတာ ဒီ Red Flag ( ၅ ) ခုကို ကြုံနေရသလားဆိုတာကို ဆန်းစစ်ကြည့်ပါ။

    👇🏻👇🏻

    🚩🧱 Boundary မရှိခြင်း

    အမြဲတမ်း လုပ်ငန်းခွင်မှာ အလုပ်နဲ့ Personal Life ကိုရောထွေးဆက်ဆံခံရတာ ၊ ဝန်ထမ်းအချင်းချင်း အလုပ်ချိန်အတွင်း အတင်းအဖျင်း ၊ ပြဿနာတွေအမြဲ အလိုလိုရှိနေတာ ၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုပုံစံမျိုးတွေရှိနေတာ စတာတွေဟာ ကိုယ်ဟာ Toxic Workplace တစ်ခုထဲကို ရောက်နေပြီဖြစ်ကြောင်း ချင်းချင်း သိနိုင်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။

    🚩🪫 စိတ်ဖိစီးမှုများနဲ့ အားအင်ကုန်ခန်းခြင်းများခံစားရခြင်း

    မကြာခဏဆိုသလို တနင်္လာနေ့မနက်ရောက်မှာကိုကြောက်နေပြီး ၊ အလုပ်တာဝန်တွေ ၊ Deadline တွေကြားထဲမှာ စိတ်ဖိစီးမှုတွေ ၊ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ပင်ပန်းနေရပြီဆိုရင်တော့ ဒီလုပ်ငန်းခွင်ဟာ ရေရှည်မှာ သင့်ရဲ့ စိတ်ကျန်းမာရေးကိုသာမက ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကိုပါ ထိခိုက်လာ‌စေတဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

    🚩💌 အထောက်အပံ့အကူအညီနဲ့ အသိမှတ်ပြုခံရမှုများ မရရှိခြင်း

    ကိုယ့်ရဲ့လုပ်ဆောင်ရည်တွေနဲ့ပတ်သက်ပြီး အမြဲတမ်းလိုလို ပြစ်တင်‌ဝေဖန်ခံနေရတယ် ၊
    အသိမှတ်ပြုမခံရတာ ၊ လိုအပ်တဲ့ အကူညီမရရှိတာမျိုးတွေဟာလည်း ဒီလုပ်ငန်းခွင်ဟာ ကိုယ့်ရဲ့စွမ်းဆောင်ရည်တွေကို ကျဆင်း‌နေအောင်ပြုလုပ်နေတဲ့ Toxic Sign တစ်ခုဖြစ်ပါတယ်။

    🚩🚨၄။ တိုးတက်ဖို့ အခွင့်ရေးလမ်းကြောင်းမရှိခြင်း

    ကိုယ့်အတွက် ရာထူးအခွင့်ရေး ၊ သက်ဆိုင်ရာ Training တွေ မရရှိနေတာမျိုးကလည်း အချိန်ကြာလာတာနဲ့အမျှကိုယ့်ရဲ့ Career တိုးတက်မှုကို ထိခိုက်လာနိုင်တဲ့ Red Flag တစ်ခုဖြစ်ပါတယ်။

    🚩👩🏻‍🎤 ၅။ ဘက်လိုက်မှုတွေရှိနေခြင်း

    လုပ်ငန်းခွင်မှာ တရားမျှတမှုမရှိတဲ့ အလုပ်အခွင့်‌ရေးတွေ ၊ Promotions တွေ ဘက်လိုက်တဲ့အပြုအမူများကလည်း ရေရှည်မှာ ဒီလုပ်ငန်းခွင်ဟာ ကိုယ့်ရဲ့တိုးတက်မှုတွေကို ဆုတ်ယုစေနိုင်တဲ့ လက္ခဏာတစ်ခုဖြစ်ပါတယ်။

    ဒီလိုမျိုး လုပ်ငန်းခွင်ထဲမှာ အပေါ်က အချက်တွေထဲက ( ၃ ) ချက်ထက်မနည်း ကြုံတွေ့နေရပြီဆိုရင်တော့ အရင်ဦးဆုံး _

    1️⃣လက်ရှိကိုယ်ကြုံတွေ့နေရတဲ့ပြဿနာတွေကို အရင်ဦးဆုံးမှတ်တမ်းတင်ထားပါ။
    2️⃣သက်ဆိုင်ရာ HR (သို့) Management ကို တင်ပြပါ။
    3️⃣Work & Personal Life ကို သေချာသတ်မှတ်ပါ။

    ❗💼ဒါတွေလုပ်ဆောင်လို့မှ တိုးတက်လာမှုမရှိဘူးဆိုရင်တော့ အလုပ်ထွက်ဖို့အတွက်ကို သေချာပြင်ဆင်ပါ။

    --------------------------------------------------

    👉🏻 အလုပ်အကူး ပြောင်းကြားထဲမှာ အလုပ်ကြိုရှာချင်တယ် ၊
    👉🏻 စိတ်ချတိုးတက်မှုရှိတဲ့ လုပ်ငန်းခွင်မှာ အလုပ်လုပ်ချင်တယ်၊
    👉🏻 အချိန်နဲ့မှီ လစ်လှစ်နေတဲ့ အလုပ်အကိုင်အခွင့်ရေးတွေကြောင်း သိရှိချင်တယ်ဆိုရင်တော့ Career Link နဲ့ ချိတ်ဆက်ရှာဖွေနိုင်ပါပြီ။

    👉 Career Link ရဲ့ Chat Box ကို CV ပို့ထားရုံဖြင့် ပြည်တွင်းပြည်ပ အလုပ်ကိုင်များကို အလွယ်တကူရှာဖွေလျှောက်ထားနိုင်ပါပြီ။

Information
Contact Us
East Race Horse Course Road, Building No. (40), 3rd Floor, Room A, Tarmwe Township.
Close menu