𝙀𝙭𝙚𝙘𝙪𝙩𝙞𝙫𝙚 𝙇𝙚𝙫𝙚𝙡 တစ်ယောက်ရဲ့ 𝙍𝙚𝙨𝙪𝙢𝙚 မှာပါဝင်တဲ့ 𝙍𝙚𝙙 𝙁𝙡𝙖𝙜 တွေကိုဘယ်လိုရှာမလဲ ?
အခုလိုအချိန်မှာ ကိုယ့်ရဲ့ လုပ်ငန်းခွင်အတွက် ရာထူးမြင့် Executive Level ဝန်ထမ်းကို ရှာဖွေဖို့ဆိုတာ အရင်ကထက် ပိုမိုအချိန်ပေးရွေးချယ်ရပါတယ်။
အဲ့လိုမဟုတ်ဘဲ Wrong Candidate ကိုခန့်အပ်မိတဲ့အခါ - အချိန်တိုအတွင်း ဝန်ထမ်းဘက်ကထွက်သွားတာမျိုး ၊ လုပ်ငန်းခွင်နဲ့ ကိုက်ညီတဲ့ အရည်အချင်းမရှိတာကြောင့် နောက်မှ အလုပ်ထုတ်လိုက်ရတဲ့အခါမျိုးတွေမှာ လုပ်ငန်းအတွက် အချိန်ကုန် ၊ ငွေကုန် အများကြီးထိခိုက်နစ်နာမှုတွေရှိနိုင်ပါတယ်။
Red Flag Sign တွေကိုသာ သိထားမယ်ဆိုရင်တော့ Executive Level ဝန်ထမ်းများရှာဖွေခေါ်ယူတဲ့အခါမှာ အလွယ်တကူ မှန်ကန်တဲ့ Right Canditate ဟုတ် ၊ မဟုတ်ဆိုတာကို အကြမ်းဖျင်းခန့်မှန်းကြည့်နိုင်ပါတယ်။
🚩✍🏻 ရှည်လျားဖောင်းပွနေသော Resume များ
Executive Candidates တွေအနေနဲ့ လုပ်သက်အတွေ့အကြုံတွေ ၊ ပညာအရည်အချင်းစတာတွေက Junior Level တွေထက် အများကြီးပါဝင်နေမှာဖြစ်ပေမယ့် ၊ ဒီအရာတွေအကုန်လုံးကို Resume ထဲမှာ ကျစ်ကျစ်လျစ်လစ်နဲ့ ထည့်သွင်းရေးသား ဖော်ပြတက်ရပါမယ်။ ဖောင်းပွရှည်လျားနေတဲ့ Resume တစ်ခုဟာ ဂရုစိုက်မှုမရှိတာ ၊ Executive Level အနေနဲ့ Presentation အားနည်နေတာကို ပြနေတဲ့ Red Flag တစ်ခုဖြစ်ပါတယ်။ အလွန်ဆုံး စာမျက်နှာ ( ၃ ) ခုထပ်ပိုနေတဲ့ Resume တွေကို သေချာကြည့်ရွေးချယ်ဖို့လိုပါမယ်။
🚩💼မကြာခဏအလုပ်ပြောင်းထားခြင်း
အချိန်တိုအတွင်း အလုပ်တွေတစ်ခုပြီးတစ်ခုပြောင်းထားတာမျိုးတွေကလည်း Executive Level Canditates အနေနဲ့ မကိုက်ညီသော အချက်တစ်ချက်ဖြစ်ပြီး ရေရှည်အလုပ်လုပ်နိုင်ဖို့ အာမခံနိုင်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။ ( ၂ ) နှစ်အတွင်း အလုပ်တွေမကြာခဏပြောင်းထားတဲ့ Resume တွေကို သတိထားသင့်ပါတယ်။
🚩💯 သက်ဆိုင်ရာနယ်ပယ် ကျွမ်းကျင်မှုမရှိခြင်း
ခေါ်ယူတဲ့ Position အတွက် ဝန်ထမ်းဟာ သက်ဆိုင်ရာ နယ်ပယ် Industry ( သို့ ) ဆက်စပ်တဲ့ နယ်ပယ်မှာလုပ်ကိုင်ဖူးသူ ဟုတ်၊ မဟုတ် ကြည့်ရပါမယ်။ ဒါတွေမရှိဘူးဆိုရင် ခေါ်ယူတဲ့ Industry နဲ့ပတ်သက်ပြီး ဘယ်လောက်ထိ သိထားလဲ ၊ ဘယ်လိုလုပ်ဆောင်ပေးနိုင်မလဲ ဆိုတာတွေကို မေးမြန်းဖို့ လိုအပ်ပါတယ်။ အကယ်၍ သက်ဆိုင်ရာနယ်ပယ်အကြောင်းကိုလည်း မသိထား ၊ အလုပ်အတွေ့အကြုံလည်းမရှိဘူးဆိုရင်တော့ ဒါဟာ Red Flag တစ်ခုအနေနဲ့ စဉ်းစားသင့်တဲ့အချက်တစ်ချက်ဖြစ်ပါတယ်။
🚩🏆လုပ်ငန်းခွင်အောင်မြင်မှုမပြနိုင်ခြင်း
Executive Level Candidate တွေအနေနဲ့ သူတို့ရဲ့ Resume မှာ အရင်လုပ်ခဲ့တဲ့ လုပ်ငန်းခွင်အောင်မြင်မှု Achievement တွေပါဝင်ဖို့လိုအပ်ပါတယ်။ ဘယ်လို Project မျိုး တွေကိုလုပ်ဆောင်ခဲ့ဖူးလဲ ၊ ဘယ်လို Result တွေရရှိခဲ့ဖူးလဲ စသဖြင့် လုပ်ဆောင်ခဲ့တဲ့ Achievement တွေ Resume မှာ မပါဝင်ထားဘူးဆိုရင်လည်း ဒါဟာ သတိထားသင့်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်။
🚩 ခေါင်းဆောင်မှုပိုင်းဆိုင်ရာ အတွေ့အကြုံများ ကိုမဖော်ပြထားခြင်း
Executive Level တွေအနေနဲ့ မဖြစ်မနေ Leadership Skill တွေရှိဖို့ကလည်း အရေးကြီးပါတယ်။ Resume ထဲမှာ Leadership နဲ့ပတ်သက်တဲ့ အတွေ့အကြုံများကို မတွေ့ရဘူးဆိုရင်လည်း ဒီ Candidate ဟာ လုပ်ငန်းခွင်ထဲရောက်တဲ့အခါမှာ စီမံခန့်ခွဲမှုအားနည်းနိုင်တဲ့ Red Flag Sign တစ်ခုဖြစ်နိုင်ပါတယ်။
Resume ထဲမှာ "mentored," "managed," or "led” စတဲ့စကားလုံးများ ပါဝင်မပါဝင် စစ်ကြည့်ပါ။
❗ဒီလိုမျိုး Red Flag အချက်တွေကို Resume မှာ သတိထားမိနေပြီဆိုရင် ဘာတွေကိုလုပ်ဆောင်သင့်လဲဆိုတော့ _
✅မေးခွန်းမေးပါ : Interview မေးမြန်းနေတဲ့အချိန်မှာ လိုတဲ့အချက်တွေကို Candidate ကို သေချာစွာမေးမြန်းပါ။
✅ Reference တောင်းပါ : အရင်အလုပ်ကအလုပ်ရှင် ( သို့ ) သက်ဆိုင်ရာ Reference ကို တောင်းကြည့်ပါ။
----------------------------------------------
📌💼 Career Link မှာဆိုရင် လုပ်ငန်းတိုင်းနဲ့ ကိုက်ညီသော ဝန်ထမ်းရှာဖွေရေး ဝန်ဆောင်မှုများပေးနေတာမို့လို့ အခုလိုမျိုး ရာထူးမြင့် Executive Level များအတွက် ဝန်ထမ်းများကို ရှာဖွေချင်တယ်ဆိုရင်တော့ Career Link ရဲ့ Messenger ( သို့ ) Email ကနေတစ်ဆင့် ဆက်သွယ်လိုက်ပါ။