Blog Detail

  • Red-Flags-in-Job-Offers_649.png

    အလုပ်ခေါ်စာတွေထဲမှာ ပြောနေတဲ့ 𝗥𝗲𝗱 𝗙𝗹𝗮𝗴 များ (𝗣𝗮𝗿𝘁 1)

    အလုပ်ခေါ်စာတွေထဲမှာ ပြောနေတဲ့ 𝗥𝗲𝗱 𝗙𝗹𝗮𝗴 များ (𝗣𝗮𝗿𝘁 1)

    🚩 လစာကို မဖော်ပြထားတာ

    လစာကို “ညှိနှိုင်း” ၊ “ Negotiable” လို့ရေးထားတဲ့အခါတွေမှာ ခေါ်ယူတဲ့ Position နဲ့ပတ်သက်ပြီး Salary Range ကို လုပ်ငန်းရှင်ဘက်က အတိအကျမပေးနိုင်သေးတာ ၊ ချိန်ဆနေတာမျိုးတွေဖြစ်နိုင်ပြီး ၊ တစ်ချို့အခြေအနေတွေမှာ Position နဲ့ပတ်သက်ပြီး ကိုယ်တောင်းတဲ့လစာထက် နည်းတဲ့ ပမာဏကိုသာ ပေးဖို့ရည်ရွယ်ထားတာ မျိုးတွေဖြစ်နိုင်ပါတယ်။

    ဒီအချက်ကလည်း အလုပ်မလျှောက်ခင်မှာ သတိထားသင့်တဲ့ အချက်တစ်ခုဖြစ်ပြီးတော့ ၊ အလုပ်လျှောက်တဲ့အခါ ကိုယ့်အနေနဲ့ ပျမ်းမျှမျော်မှန်းလစာကို ကြိုတင်သတ်မှတ်ထားဖို့လိုပါတယ်။

    🚩 Family Type လို့ပြောသောအလုပ်များ

    Family Type လို့ပြောတဲ့အခါ စည်းစည်းလုံးလုံးနဲ့ အပြန်အလှန်ကူညီတက်တဲ့ လုပ်ငန်းခွင် ပတ်ဝန်းကျင်ဖြစ်နိုင်တဲ့အပြင် ၊ လုပ်ငန်းခွင်မှာ Boundary မရှိဘဲ အချင်းချင်း Personal ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာမျိုးတွေ ၊ Professional မဖြစ်တဲ့ အပြုအမူမျိုးတွေ ၊ ဘက်လိုက်မှုတွေ ၊ အချိန်ပိုကြေးမရှိဘဲ အလုပ်ချိန်ပိုတွေဆင်းရတာမျိုးတွေဖြစ်နိုင်ပါတယ်။

    ဒါကြောင့် Family Type လို့ ခေါ်ဆိုထားတဲ့ အလုပ်ခေါ်စာတွေကို Red Flag အနေနဲ့သတိထားသင့်ပါတယ်။

    🚩 Job Title ရာထူးနာမည်ဆန်းဆန်းများ

    ပုံမှန်မြင်တွေ့နေကြမဟုတ်တဲ့ Job Title တွေပေးထားတာမျိုး ၊ Job Role နှစ်ခုကိုပေါင်းပြီး ခေါ်ဆိုထားတာမျိုး ၊ ခေါ်ဆိုထားတဲ့ Job Title နဲ့ Job Responsibilities နဲ့ကိုက်ညီမှုမရှိတာမျိုး _ ဒါတွေကလည်း အလုပ်ခေါ်စာဖတ်တဲ့အခါ မဖြစ်မနေသတိထားရမယ့် Red Flag တွေဖြစ်ပါတယ်။

    Job Title တိကျမှုမရှိတာဟာလည်း အလုပ်ဝင်ပြီးတဲ့အခါမှ မထင်မှတ်ထားတဲ့ပြဿနာတွေကြုံတွေ့ရတာ ၊ ကိုယ်နဲ့မကိုက်ညီတဲ့ အလုပ်မျိုးတွေဖြစ်တက်တဲ့အတွက် အလုပ်မလျှောက်ခင်ကတည်းက သတိထားသင့်ပါတယ်။

    🚩 Fast-Paced/ Dynamic ဖြစ်သောအလုပ်ပတ်ဝန်းကျင်

    Fast-Paced လို့ပြောထားရင် Multitasking Skill ရှိထားဖို့ ၊ အလုပ်ဖိအားတွေကိုခံရနိုင်ဖို့ကို ကြိုတင်မျှော်လင့်ထားရပါမယ်။ အလုပ်ကြောင့် Burnout ဖြစ်နိုင်တာမျိုးတွေနဲ့လည်း ရှိနိုင်တာမို့ ဒါဟာလည်း အလုပ်ခေါ်စာဖတ်တဲ့အခါမှာ သတိထားရမယ့် Red Flag တစ်ခုဖြစ်ပါတယ်။

    🚩 Entry Level ကို MBA ကဲ့သို့ ပညာအရည်အချင်းများတောင်းဆိုထားခြင်း

    အခုမှလုပ်ငန်းခွင်ကိုဝင်မယ့်လူငယ်တွေအနေနဲ့ Entry Level အလုပ်ခေါ်စာတွေတွေ့တိုင်းမှာ အလောတကြီးမလျှောက်မိဖို့ လိုအပ်ပါတယ်။ လုပ်ငန်းခွင်ဝင်စ လူငယ်တွေအတွက် Red Flag ကတော့ Entry Level နဲ့ မကိုက်ညီတဲ့ မြင့်မားတဲ့ပညာအရည်အချင်းတွေ ၊ Skills တွေကို တောင်းဆိုထားတာမျိုးတွေဖြစ်ပါတယ်။

    Entry Level ဖြစ်ရင်တောင်မှ ကိုယ့်ရဲ့ပညာအရည်ချင်းနဲ့ ထိုက်တန်တဲ့အလုပ်မျိုးကိုသာရွေးချယ်သင့်ပါတယ်။

    💼 ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အရေးများနဲ့ ၊ အလုပ်ရှာဖွေခြင်းနဲ့ပတ်သက်တဲ့ အကြောင်းအရာများကို အချိန်နဲ့တစ်ပြေးညီ သိရှိလိုပါကလည်း Career Link ရဲ့ Channels များကို Join ကာ Notify ရယူနိုင်ပါတယ်။

Information
Contact Us
East Race Horse Course Road, Building No. (40), 3rd Floor, Room A, Tarmwe Township.
Close menu