အလုပ်ခေါ်စာတွေထဲမှာ ပြောနေတဲ့ 𝗥𝗲𝗱 𝗙𝗹𝗮𝗴 များ (𝗣𝗮𝗿𝘁 2)
၁။ 🚩“ကြိုးစားရင် ကြိုးစားသလောက်ရနိုင်မယ်”
ဘယ်အလုပ်ကိုမဆို စိတ်နှစ်ပြီးလုပ်တက်တဲ့ သူတွေအတွက် Pressure မရှိတဲ့ လိုအပ်ချက်ဆိုပေမယ့် လစာနည်းနည်းနဲ့ အကောင်းဆုံး Performance ကိုလိုချင်ကြောင်းကို ပြနေတဲ့ Red Flag တစ်ခုဖြစ်တက်ပါတယ်။ ဒီလိုအလုပ်မျိုးတွေကိုလျှောက်ထားတဲ့အခါ ကိုယ်ထိုက်သင့်တဲ့လစာ ၊ Promotions ၊ အကျိုးခံစားခွင့်များကို Interview ခေါ်တဲ့အချိန်မှာ တိတိကျကျမေးမြန်းဖို့လိုအပ်ပါတယ်။
၂။🚩 “ကိုယ်ပိုင်စီမံခန့်ခွဲလုပ်ဆောင်နိုင်စွမ်းရှိရမယ်”
ကိုယ်ပိုင်ပုံစံနဲ့ လွတ်လွတ်လပ်လပ်လုပ်နိုင်တဲ့ အလုပ်မျိုးမို့ အလုပ်ရှာတဲ့သူတွေ ကြိုက်ကြပေမယ့် ၊ လက်တွေနေ့စဉ် အလုပ်တွေလုပ်တဲ့အခါမှာ လိုအပ်တဲ့ Supporting မရတာ ၊ ပြဿနာတစ်ခုခုကြုံလာရရင် တစ်ယောက်တည်းရင်ဆိုင်ဖြေရှင်းရတာ ၊ ဦးဆောင်မယ့်သူမရှိလို့ အလုပ်လုပ်တဲ့အခါ ထင်သလောက်ရှေ့မရောက်တာမျိုးတွေ ၊ အမှားတွေလုပ်မိတာမျိုးတွေကြုံရနိုင်ပါတယ်။ ဒါကြောင့် ဒီအလုပ်မျိုးကို ရွေးချယ်မယ်ဆိုရင်တော့ Problem Solving Skill, Self-Management Skill တွေပါရှိဖို့ လိုအပ်တယ်ဆိုတာ သတိထားပါ။
၃။🚩 “ Startup လုပ်ငန်းဖြစ်တာကြောင့် အသစ်အဆန်းေတွပြုလုပ်ရတာ ၊တီထွင်ဖန်တီးမှုအားကောင်းသူဖြစ်ရမယ်”
ဒီလိုအလုပ်မျိုးကတော့ စိတ်လှုပ်ရှားဖို့ကောင်းပြီး တီထွင်ဖန်တီးမှုအားကောင်းတဲ့ Work Culture ဆိုပြီး သတ်မှတ်နိုင်သလို ၊ လုပ်ငန်းအသစ်ဖြစ်တာကြောင့် လုပ်ငန်းခွင် System မကျသေးတာ ၊ လုံလောက်တဲ့ လူအင်အား ဝန်ထမ်းအင်အားမရှိတာ ၊ ရူပ်ထွေး လိုအပ်ရင် အချိန်ပိုတွေဆင်းရတာ ဒါမျိုးတွေလည်း Startup လုပ်ငန်းအလုပ်ခေါ်စာတွေဖတ်တိုင်းမှာ သတိထားသင့်တဲ့ Red Flag တွေဖြစ်ပါတယ်။
၄။🚩 “ သင်ယူလိုစိတ်ရှိသူဖြစ်ရမယ်”
အလုပ်လုပ်တဲ့အခါ သင်ယူလိုစိတ်ရှိဖို့ လိုအပ်တယ်ဆိုပေမယ့် အလုပ်ခေါ်စာမှာ ခေါ်ထားတဲ့ Position နဲ့ မကိုက်ညီတဲ့ Skills တွေအတွက် သင်ယူလိုစိတ်ရှိဖို့ ပြောဆိုထားပြီဆိုရင်တော့ ဒါဟာ သတိထားရမယ့် အချက်တစ်ခုဖြစ်ပါတယ်။ ခေါ်ဆိုထားတဲ့ Role နဲ့ မသက်ဆိုင်တဲ့အရာတွေကို မဖြစ်မနေ သင်ယူလုပ်ဆောင်ခိုင်းနေတယ်ဆိုရင်တော့ ငြင်းဆိုဖို့လိုအပ်ပါတယ်။
၅။ 🚩“အတွေ့အကြုံမရှိသူများလည်း လျှောက်ထားနိုင်ပါတယ်”
လုပ်ငန်းခွင်စတင်ဝင်ရောက်မယ့် လူငယ်တွေ ၊ အလုပ်အရေးပေါ်လိုအပ်နေတဲ့သူတွေ ၊ မိမိ ဝါသနာပါတဲ့ Career ကိုရှာဖွေစမ်းသပ်လုပ်ကိုင်နေတဲ့ သူတွေအတွက် မျက်စိကျတဲ့အချက်တစ်ချက်ဖြစ်ပေမဲ့ တကယ်တမ်းမှာ ဒီလိုရေးထားတာဟာ လုပ်ငန်းရှင်ဘက်က ခေါ်ယူထားတဲ့ Position နဲ့ပတ်သက်ပြီး ဘယ်လိုအရည်အချင်းတွေ လိုအပ်မလဲသေချာမသိတာ ၊ နည်းနည်းပေးပြီး များများအစုံသုတ်ခိုင်းချင်တာဖြစ်နိုင်ကြောင်း ပြော ပြနေတဲ့ နောက်ထပ် Red Flag တစ်ခုဖြစ်ပါတယ်။
📝 🚩 အခုပြောပြထားတဲ့အချက်တွေကတော့ အလုပ်ခေါ်စာတွေထဲမှာ အတွေ့များဆုံးနဲ့ အလုပ်လျှောက်သူတွေ သိပ်သတိမထားမိတက်တဲ့ နောက်ကွယ်က Red Flag လေးတွေဖြစ်ပါတယ်။
💼 ပြည်တွင်းပြည်ပ အလုပ်အကိုင်အခွင့်အရေးများနဲ့ ၊ အလုပ်ရှာဖွေခြင်းနဲ့ ပတ်သက်တဲ့ အကြောင်းအရာများကို အချိန်နဲ့တစ်ပြေးညီ သိရှိလိုပါကလည်း Career Link ရဲ့ Channels များကို Join ကာ Notify ရယူနိုင်ပါတယ်။