လုပ်ငန်းခွင်စဝင်သူ Entry Level သမားများအတွက် သတိထာသင့်တဲ့ Red Flag များ
👩🏻💻လုပ်ငန်းခွင်မှ အခုမှဝင်ရောက်ဖို့အစပြုနေတဲ့ လူငယ်တွေအနေနဲ့ Online ပေါ်ကနေ အလုပ်ရှာတဲ့အခါ ၊ အလုပ်လျှောက်တဲ့အခါ ❗ဘာတွေကို သတိထားရမလဲ ၊ ❗ဘယ်လိုအချက်တွေက သတိထားရမယ့် Red Flag တွေဖြစ်မလဲဆိုတာ ပြောပြလိုက်ပါတယ်။
👇🏻👇🏻
🚩❌ ကုမ္ပဏီအကြောင်းအပြည့်အစုံ မဖော်ပြထားတာ။
အလုပ်ခေါ်စာတင်ထားတဲ့ Post မှာ ခေါ်ယူထားတဲ့ ကုမ္ပဏီအကြောင်း ၊ လိပ်စာ အတိအကျမဖော်ပြထားဖူးဆိုရင် ဒါဟာအရင်ဆုံးသတိထားရမယ့် Red Flag တစ်ခုဖြစ်ပါတယ်။ ဘယ်အလုပ်ခေါ်စာမှာမဆို အရေးကြီးတဲ့ Company Info မဖြစ်မနေထည့်သွင်းရမှာဖြစ်ပြီး ၊ ကုမ္ပဏီအကြောင်းကို အတိအကျမဖော်ပြထားတာ ၊ Online ပေါ်မှာရှာကြည့်တဲ့အခါမှာလည်း အလုပ်ခေါ်ထားတဲ့ ကုမ္ပဏီ လုပ်ငန်းအကြောင်း ရှာမတွေဘူးဆိုရင်တော့ အဲ့ဒီ့ အလုပ်ခေါ်စာဟာ အလိမ်အညာတွေဖြစ်နိုင်ပါတယ်။
🚩❌ လစာမဲ့ Training ၊ Internship များဆင်းခိုင်းတာ။
Entry Level သမားများအတွက် တစ်ချို့အလုပ်တွေမှာ လုပ်ငန်းခွင်လိုအပ်ချက်အရ Training တွေတက်ရောက်ဖို့ လိုတာမျိုးတွေရှိပေမယ့် ၊ Entry Level ကိုအကြောင်းပြပြီး Training Period ကို နှစ်ပတ်ထက်ပိုပြီး ထပ်တိုးထားတယ်ဆိုရင်တော့ ဒါဟာအလုပ်သမားကို ခေါင်းပုံဖြတ်တဲ့ အပြုအမှုဖြစ်ပါတယ်။ ဘယ် Internship ဘဲဖြစ်ဖြစ် ၊ ဘယ် Training ဘဲဖြစ်ဖြစ် ဝန်ထမ်းတစ်ယောက်ရဲ့ လုပ်ဆောင်မှုဟာ ကုမ္ပဏီအတွက် တိုက်ရိုက်အကျိုးသက်ရောက်မှု ရှိနေတယ်ဆိုရင် လုပ်ခလစား ပေးရမှာဖြစ်ပါတယ်။
🚩❌ လူစိတ်ဝင်စားစေမယ့် အလုပ်ရာထူးနာမည်တွေပေးထားတာ။
“Marketing Executive”, “Business Leader” စသဖြင့် ဒီလို အလုပ်ရာထူးနာမည်ကြီးကြီးကိုပေးပြီး လူစိတ်ဝင်စားအောင်လုပ်ထားတဲ့ အလုပ်ခေါ်စာတွေကလည်း သတိထားသင့်တဲ့ Red Flag တွေဖြစ်ပါတယ်။ Job Description မှာရေးထားတဲ့ လုပ်ရမယ့်အရာတွေနဲ့ ခေါ်ယူထားတဲ့နာမည်က ကိုက်ညီမှုမရှိနေတာ ၊ Entry Level သမားတစ်ယောက်အတွက် မဖြစ်နိုင်တဲ့ ကျွမ်းကျင်မှုမျိုးလိုအပ်တဲ့ အလုပ်ရာထူးတွေပေးထားတာတွေဟာ အမှန်တကယ် ဝန်ထမ်းခန့်ဖို့အတွက် လူစိတ်ဝင်စားဖို့သပ်သပ် ခေါ်ယူထားတဲ့ အလုပ်ခေါ်စာတွေသာဖြစ်နိုင်ပါတယ်။
🚩❌ ပုံမှန်မဟုတ်တဲ့ Interview တွေခေါ်ဆိုတာ။
ပုံမှန် Interview ခေါ်ဆိုနေကြပုံစံမျိုးတွေဖြစ်တဲ့ In-Person, Zoom, Google Meet စတဲ့နေရာမျိုးတွေကနေမဟုတ်ဘဲ Viber, Telegram, Personal Chat Box လိုမျိုးစတဲ့နေရာတွေကနေ Social Media Apps တွေကနေတစ်ဆင့် Interview တွေခေါ်ဆိုတာမျိုးတွေကြုံရပြီဆိုရင်တော့ ဒါဟာ သတိထားရမယ့် အချက်တစ်ချက်ဖြစ်ပြီးတော့ ၊ ခေါ်ယူထားတဲ့ company ဟာ Professional ဆန်တဲ့ လုပ်ငန်းခွင်မဟုတ်ကြောင်း ပြနေတဲ့ ပုံရိပ်တစ်ခုလည်းဖြစ်ပါတယ်။
🚩❌ အကြောင်းအမျိုးမျိုးပြကာ ပိုက်ဆံတောင်းခံတာ။
❗“အလုပ်အတွေ့အကြုံရှိစရာမလို ----- ပေးသွင်းရုံဖြင့် အလုပ်ရမယ်” ❗ဆိုတဲ့ အလုပ်ခေါ်စာတွေ ၊ အလုပ်အာမခံကြေး ၊ ဘာကြေး ညာကြေးစသဖြင့် အလုပ်မခန့်ခင်မှာ ကြိုတင်ငွေတောင်းခံတာမျိုးတွေဟာ အလိမ်အညာတွေသာဖြစ်ပါတယ်။
အလုပ်ရချင်ဇောတွေများနေတာ ၊ တစ်ဖက်လူရဲ့စကားကို နားယောင်မိပြီး အလျင်စလို ဆုံးဖြတ်မိတာ တွေကြောင့် ဒီလို ငွေကြေးတောင်းခံတဲ့အခါ အလွယ်တကူ ပေးလိုက်တာမျိုးတွေမလုပ်မိဖို့ သတိထားဖို့လိုအပ်ပါတယ်။
🚩 ဒီ Red Flag အချက်တွေကတော့ အခုမှလုပ်ငန်းခွင်စတင်ဝင်ရောက်မယ့် လူငယ်များ ၊ Online ပေါ်ကနေ အလုပ်တွေရှာဖွေနေကြတဲ့ Job Seeker များအတွက် အခုလိုချိန်မှာ သတိထားသင့် တဲ့အချက်တွေဖြစ်ပါတယ်။
👩🏻💻💼 စိတ်ချရတဲ့ Online Job Platform ကနေတစ်ဆင့် _
✅စစ်မှန်တဲ့ အလုပ်ကိုင်ခွင့်လမ်းကောင်းတွေကို ချိတ်ဆက်ရှာဖွေချင်တယ် ၊
✅ ပြည်တွင်းပြည်ပရှိ ခေါ်ယူနေတဲ့ အလုပ်တွေအကြောင်းကို အချိန်နဲ့တစ်ပြေးညီ သိရှိချင်တယ်ဆိုရင်တော့_
Career Link ကနေတစ်ဆင့် ချိတ်ဆက်ပြီး အလုပ်ကိုင်များစွာကို အလွယ်တကူ ရှာဖွေလျှောက်ထားနိုင်ပါပြီ...