Blog Detail

  • article of careerlink_580.jpg

    How to boost your job seeking journey?

    ကိုယ်နဲ့လိုက်ဖက်တဲ့ အလုပ်တစ်ခုအမြန်ဆုံးရရှိနိုင်ဖို့ ဘာတွေကိုဆောင်ရရှောင်ရမလဲ📝

    ကျွန်တော်တို့ ကိုယ်နဲ့လိုက်ဖက်တဲ့ အလုပ်တစ်ခုကိုရှာဖွေကြတဲ့အခါမှာ ပထမဆုံးအနေနဲ့ အဓိကအရေးကြီးဆုံးကတော့ ကိုယ်လိုချင်တဲ့အလုပ်အမျိုးအစား ၊နယ်ပယ် ၊ကိုယ်တတ်မြောက်ထားတဲ့ Skill ၊ ကိုယ်သင်ယူချင်တဲ့ Skill တွေကိုနားလည်ဖို့လိုပါတယ်။
    ဒီအချက်တွေကို တိတိကျကျသိပြီး ကိုယ်လိုချင်တဲ့အလုပ် ကိုယ်လျှောက်လှမ်းမဲ့ 𝗖𝗮𝗿𝗲𝗲𝗿 ကို ရွေးချယ်ပြီးပြီဆိုရင်

    👉 ကိုယ်လိုချင်တဲ့ အလုပ်ကောင်းတစ်ခုရဖို့အတွက် ပြင်ဆင်ထားရမယ့်အရာတွေနဲ့ ရှောင်ရှားရမယ့်အမူအကျင့်တွေကိုတော့ 𝗖𝗮𝗿𝗲𝗲𝗿 𝗟𝗶𝗻𝗸 ကနေ ဝေမျှပေးသွားမှာဖြစ်ပါတယ် 💙

    လုပ်ဆောင်ရမယ့်အရာတွေ... 📝

    ✔ ကိုယ့်ကိုယ်ကို အကောင်းဆုံးမိတ်ဆက်တတ်ပါစေ
    ကိုယ်က ဘယ်သူလဲ၊ ဘာတွေ တတ်မြောက်ထားလဲ၊ ဘာတွေလုပ်နိုင်လဲဆိုတာတွေ အပြည့်အစုံထည့်သွင်းထားတဲ့ 𝐂𝐕 ကို အသင့်ပြင်ထားပြီး ကောင်းကောင်း ရှင်းပြတတ်အောင် လေ့ကျင့်ထားပါ

    ✔ Network တည်ဆောက်ပါ
    အရင်က အလုပ်အတူလုပ်ဖူးသူတွေ၊ မိတ်ဆွေသူငယ်ချင်းတွေကလည်း အလုပ်ရဖို့အတွက် အထိရောက်ဆုံး အချိတ်အဆက်တွေဖြစ်နိုင်ပါတယ်...သူတို့ရဲ့ Recommendation က ကိုယ့်အတွက် အကောင်းဆုံးလက်မှတ်တစ်ခုပဲဆိုတာ မမေ့ပါနဲ့

    ✔ Explore လုပ်ပါ
    Career Fair တွေ သွားတာ၊ နယ်ပယ်အလိုက် Workshop တွေတက်တာ (ဒါမှမဟုတ်) 𝗖𝗮𝗿𝗲𝗲𝗿 𝗟𝗶𝗻𝗸 လိုမျိုး Job Sharing Platform တွေရဲ့ Website, Facebook Page တွေကိုစောင့်ကြည့်လေ့လာပြီး အလုပ်လျှောက်ခြင်းကလည်း အလုပ်ရဖို့ အခွင့်အရေးကိုပိုပြီးတိုးလာစေပါတယ်။

    ✔ Skill Development အမြဲလုပ်ပါ
    ကိုယ့် field နဲ့ပတ်သက်တဲ့ နောက်ဆုံးပေါ်နည်းပညာသစ်တွေ၊ Tool အသစ်တွေကို အမြဲလေ့လာနေပါ...လိုအပ်တဲ့ သင်တန်းတွေ တက်ရောက်တာ၊ နယ်ပယ်တူမိတ်ဆွေတွေနဲ့ တွေ့ဆုံဆွေးနွေးတာမျိုးနဲ့ အရည်အသွေးကို အမြဲတောက်ပြောင်နေအောင် ကြိုးစားထားပါ

    ✔ အကြံဥာဏ်တောင်းပါ၊ ဆွေးနွေးပါ
    ကိုယ်တိုင် အလုပ်လျှောက်လွှာတွေပြင်ဆင်တာ၊ အလုပ်တွေ လျှောက်တာထက် 𝗖𝗮𝗿𝗲𝗲𝗿 𝗟𝗶𝗻𝗸 လို CV ကို စနစ်တကျပြင်ဆင်တတ်ဖို့ လမ်းညွှန်ပေးနိုင်တဲ့၊ Career Coach တွေရှိတဲ့ ကျွမ်းကျင်သူတွေဆီက အကြံဥာဏ်တွေ၊ Feedback တွေကို လက်ခံပြီး ပြင်ဆင်တာက အလုပ်ရှာတဲ့ခရီးမှာ ပိုပြီး အကျိုးရှိစေပါတယ်


    ရှောင်ရမယ့်အရာတွေ...🚫

    ✖ CV တစ်ခုတည်းနဲ့ အကုန် Apply မလုပ်ပါနဲ့
    Position တစ်ခုချင်းစီအတွက် လိုအပ်တဲ့ Skill တွေကို ဦးစားပေးနေရာကို ရွှေ့ပြောင်းပြီး CV နဲ့ Cover Letter ကို သေချာပြင်ဆင်ပြီးမှသာ အလုပ်လျှောက်လွှာကို ပို့ပါ


    ✖ Information တွေမဖောင်းပွပါစေနဲ့
    CV မှာရော အင်တာဗျူးမှာပါ အလုပ်နှင့်မသက်ဆိုင်တဲ့ ကိုယ့်ကိုထောက်ပံ့မပေးနိုင်တဲ့အကြောင်းအရာတွေကို ရေးသားခြင်း၊ ပြောဆိုခြင်းကိုရှောင်ကြဉ်ပါ။

    ✖ ကိုယ့်ရဲ့ Skill ကိုမေးခွန်းထုတ်လာနိုင်တဲ့အပြုအမူတွေကို မလုပ်ပါနဲ့
    Professionalism အမြဲရှိနေဖို့ သတိထားပါ…ကိုယ့်ရဲ့ Professional Skill နှင့် Ability တွေကို မေးခွန်းထုတ်လာနိုင်တဲ့အချက်တွေကို လုပ်ဆောင်ခြင်းဟာ လုပ်ငန်းရှင်ဘက်ကမိမိကိုယုံကြည်မှုရှိဖို့ ခက်ခဲလာနိုင်ပါတယ်။

    အထက်ပါ ဆောင်ရန်ရှောင်ရန်အချက်တွေကို အသုံးပြုပြီး ကိုယ် လိုချင်ရောက်ချင်တဲ့ အလုပ်ရည်မှန်းချက်ပန်းတိုင်ဆီကို အမြန်ဆုံး ရောက်နိုင်ကြပါစေနော်... ❤ အလုပ်ရှာရတာ အခက်အခဲရှိနေတာ၊ လစ်လပ်အလုပ်နေရာတွေကို လိုက်ရှာဖွေနေရတာ ပင်ပန်းနေပြီဆိုရင်တော့ အလုပ်ရှင်နဲ့ အလုပ်လိုအပ်သူတွေကို အလျင်မြန်ဆုံး ချိတ်ဆက်ပေးနေတဲ့ 𝗖𝗮𝗿𝗲𝗲𝗿 𝗟𝗶𝗻𝗸 နဲ့သာ ဆက်သွယ်လိုက်တော့နော် 🔗 ✨

Information
Contact Us
Dhama Yarzar Road, Building No (957), 5th Floor, Room (A), South Okkalapa Township, Yangon, Myanmar.