Blog Detail

  • blog post ft img_637.jpg

    Interview Tips 101

    အင်တာဗျူးခန်းထဲရောက်သွားချိန်မှာ...
    “မင်္ဂလာပါ...အခုလို အချိန်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”လို့ စပြီး နှုတ်ဆက်တဲ့အချိန်မှာတင် ကိုယ့်ရဲ့ မျက်နှာက already nervous ဖြစ်နေပြီ...လက်ကလည်း နည်းနည်း တုန်နေပြီ...အဲဒီလို ဖြစ်တတ်ကြတယ်မလား? 🤷‍♀️
    💣ဒါက သဘာဝပါပဲ...တကယ်တော့ လူတွေ့အင်တာဗျူးဆိုတာ အလုပ်အတွက် အကဲဖြတ်ခံရတာ တစ်ခုတည်းမဟုတ်ပါဘူး...ကံစမ်းရတာ၊ ကိုယ့်ကိုယ်ကို အကဲဖြတ်ခံရတာ၊ ကိုယ့်အနာဂတ်ကို ပြောင်းလဲနိုင်တဲ့ ဂိမ်းတစ်ခုမှာ ဝင်ကစားရတာမျိုးပါပဲ
    🎯ဒါကြောင့် ဒီဂိမ်းမှာ တကယ်အောင်မြင်တဲ့ Player တစ်ယောက်ဖြစ်ဖို့အတွက် လူတွေ့အင်တာဗျူးကို အကောင်းဆုံးဖြတ်ကျော်နိုင်ဖို့ လိုပါတယ်...အဲဒီအတွက် အလုပ်လျှောက်တဲ့သူတွေ လုပ်မိတတ်တဲ့အမှားလေးတွေကို ရှောင်ရှားနိုင်မယ့်နည်းလမ်းတွေကို 𝗖𝗮𝗿𝗲𝗲𝗿 𝗟𝗶𝗻𝗸 ကနေ ဒီပို့စ်မှာ ပြောပြပေးထားပါတယ်....
    💁‍♀️ အရမ်းပြင်ဆင်ထားတဲ့ Script ထဲကနေ မထွက်နိုင်တာ
    “သင့်အကြောင်း ပြောပြပါ”လို့ စလိုက်ပြီဆိုတာနဲ့ ဒီတိုင်းစကားပြောတာမျိုးမဟုတ်တော့ဘဲ စာအုပ်ကြီးတွေထဲကအတိုင်း Myself Essay ဖတ်ပြသလို ဖတ်ပြတော့တာက ရယ်စရာဖြစ်နေတတ်ပါတယ်...ဒါကြောင့် အလွတ်ကျက်မှတ်ထားတာမျိုး မလုပ်ဘဲ ပေါ့ပေါ့ပါးပါးနဲ့ ကိုယ့်ထက်အကြီးတစ်ယောက်ကို ပြောပြသလိုပုံစံမျိုးနဲ့ တလေးတစားပြောပြရင် ရပါပြီ
    💁‍♀️ကြိုတော့ပြင်ထားပါ...အလွန်အကျွံတော့ မလုပ်ပါနဲ့
    Script ထဲက ရုန်းထွက်ပါလို့ ပြောတာက ကြိုတင်မပြင်ဆင်နဲ့လို့ ဆိုလိုတာမဟုတ်ပါဘူးနော်... အင်တာဗျူးတွေ အများကြီးဖြေနေကျဆိုရင်တောင် မနက်ဖြန်မှာ အလုပ်အင်တာဗျူးရှိနေတယ်ဆိုရင် ဒီနေ့မှာ တစ်ယောက်ယောက်နဲ့ လေ့ကျင့်တာမျိုးကို လုပ်ကြည့်ပါ...ဘယ်သူမှမရှိဘူးဆိုရင် မှန်ရှေ့မှာ ထိုင်ပြီး စကားပြောကြည့်ပါ
    💁‍♀️ အင်တာဗျူးကို Exam တစ်ခုလို မသတ်မှတ်ပါနဲ့
    အဲဒီလိုယူဆပြီး လူရောစိတ်ပါ တောင့်တင်းပင်ပန်းခံမနေပါနဲ့.. လူတွေ့အင်တာဗျူးဆိုတာကို အပြန်အလှန် မျက်နှာချင်းဆိုင်ပြီး ကောင်းကောင်း စကားပြောနိုင်တဲ့ အခွင့်အရေးတစ်ခု၊ သူ့ဘက်ကိုယ့်ဘက် အကဲဖြတ်နိုင်တဲ့ အခွင့်အလမ်းတစ်ခုလို့ ခံယူပြီးတော့သာ အကောင်းဆုံးလုပ်ဆောင်ပါ
    💁‍♀️ ဝတ်စားဆင်ယင်မှုကို အရေးမကြီးဘူးလို့ မယူဆပါနဲ့
    ပထမဆုံးတွေ့ချိန်မှာ အဝတ်အစား အပြင်အဆင်ကလည်း အရေးကြီးပါတယ်...ဖက်ရှင်ကို လိုနေတာရော ပိုနေတာပါ မဖြစ်စေရအောင် ကြိုးစားပါ...အမျိုးသမီးဆိုရင် မိတ်ကပ် နဲ့ ရေမွှေးက အစ အလွန်အကျွံဖြစ်မနေအောင် ဂရုစိုက်ဖို့လိုပါတယ်
    💁‍♀️ ဘာမှမေးစရာမရှိဘူးလို့ ဘယ်တော့မှမပြောပါနဲ့
    အင်တာဗျူးနောက်ဆုံးပိုင်းမှာ သိချင်တာရှိလား၊ ကုမ္ပဏီဘက်ကို ဘာမေးစရာရှိသေးလဲလို့ လမ်းဖွင့်ပေးလိုက်တာက အလုပ်လိုချင်တာတင်မကဘဲ ဒီအဖွဲ့အစည်းအပေါ်မှာ သဘောကျလား၊ စိတ်ဝင်စားလားဆိုတာကို သိချင်တဲ့သဘောပါပဲ...ဒါကို “ဘာမှမရှိပါဘူး”လို့ ဆိုလိုက်ရင် သင့်မှာ ဒီအလုပ်ကို စိတ်ဝင်စားတာမရှိဘူးလို့ ပြောချလိုက်သလိုပဲဆိုတာ သတိထားဖို့လိုပါတယ်
    💡အင်တာဗျူးဆိုတာ တစ်ဖက်တည်းသွားတာမျိုးမဟုတ်ပါဘူး
    သူတို့က သင့်အကြောင်း စူးစမ်းနေသလို၊ သင်ကလည်း သူတို့အကြောင်းကို ရသလောက် လေ့လာရတာမျိုးပါပဲ 🤝 ဒါကြောင့် သင်ဘယ်သူလဲဆိုတာကို အကောင်းဆုံးပြသနိုင်ဖို့ လိုသလို ကိုယ် သိချင်တဲ့အချက်အလက်တွေကိုလည်း တစ်ခါတည်းသိရအောင် ကြိုးစားရင်း အင်တာဗျူးတိုင်းကို Confidence ရှိရှိနဲ့ အကောင်းဆုံးကျော်ဖြတ်နိုင်ပါစေနော် 🤍❤
    ✨လိုအပ်တဲ့အလုပ်အကိုင်တွေကို အမြန်ဆုံးရနိုင်ဖို့အတွက်ဆိုရင်တော့ 𝗖𝗮𝗿𝗲𝗲𝗿 𝗟𝗶𝗻𝗸 နဲ့ ချိတ်ဆက်လိုက်ဖို့ မမေ့နဲ့နော် 🔗
    #CareerLink #jobplatform #jobseekingtips #jobseekers #အလုပ်အကိုင် #အလုပ်

Information
Contact Us
Dhama Yarzar Road, Building No (957), 5th Floor, Room (A), South Okkalapa Township, Yangon, Myanmar.