ရှောင်ကျဉ်ရမယ့် Manager တစ်ယောက်ရဲ့ Red Flag များ
လုပ်ငန်းခွင်ကောင်းတစ်ခုဖြစ်ဖို့ဆိုတာ ကုမ္ပဏီတစ်ခုရဲ့ စီမံခန့်ခွဲမှုပုံစံနဲ့ အများကြီးသက်ဆိုင်ပါတယ်။ ကိုယ့်ရဲ့လုပ်ငန်းခွင်ဟာ ရေရှည်မှာ ကိုယ့်အတွက် တိုးတက်မှုရှိနိုင်သလား ၊ မရှိနိုင်ဘူးလားဆိုတာကို ကိုယ့်အထက်က အရာရှိ ၊ မန်နေဂျာ ၊ ခေါင်းဆောင်တွေပေါ်မှာလည်း မူတည်နေပါတယ်။ 👨💼💯
အခုပြောပြထားတဲ့ အချက်တွေကိုကြည့်ပြီး ကိုယ့်ရဲ့လုပ်ငန်းခွင်မှာ ဒီလို Red Flag Type Manager မျိုးရှိနေလားဆိုတာကို ဆန်းစစ်ရင်း ၊ ဒီလိုမျိုး အထက်လူကြီးနဲ့ပြဿနာတွေကို ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာကို ပြောပြသွားပါမယ်။
👇🏻👇🏻
🚩 အသေးစိတ်စောင့်ကြည့် အကဲခတ်နေခြင်း
ကိုယ့်ရဲ့ အထက်အရာရှိ ၊ ခေါင်းဆောင်က ကိုယ်လုပ်ဆောင်တဲ့လုပ်ဆောင်ချက်တိုင်းကို အမြဲလိုက်ပြီး စောင့်ကြည့်အကဲဖြတ်နေတာမျိုး ၊ ကိုယ်လုပ်တဲ့အလုပ်တွေကို ဝင်ပါလုပ်ဆောင်နေတာမျိုးတွေဟာ ကိုယ့်ကို ယုံကြည်မှုမရှိကြောင်းပြောနေတဲ့ အချက်တစ်ခု ဖြစ်ပြီး ၊ ဒီလိုစောင့်ကြည့်သုံးသပ်တာက ကိုယ့်ရဲ့တိုးတက်မှုနဲ့ ဖန်တီးနိုင်စွမ်းအရည်အချင်းတွေကို လျော့ကျစေပါတယ်။ ကြာလာတဲ့အခါ ကိုယ့်ကိုယ်ကိုယုံကြည်မှုမရှိတော့တာ ၊ စိတ်ဖိစီးမှုတွေ အမြဲလိုလိုခံစားရနိုင်ပါတယ်။
🚩 အမြဲတမ်းဝေဖန်အပြစ်တင်ပြောဆိုခြင်း
ကိုယ့်ရဲ့အထက်အရာရှိ ခေါင်းဆောင်ဟာ လက်အောက် ဝန်ထမ်းတွေ တစ်ခုခုလေးမှားသွားပြီဆိုတာနဲ့ အမြဲတမ်းအပြစ်ပြောဆိုလေ့ရှိလား။ ဒါဟာ တာဝန်ယူမှု ၊ တာဝန်ခံမှုမရှိတဲ့ Red Flag Sign တစ်ခုဖြစ်ပြီး ၊ ခေါင်းဆောင်ကောင်းတစ်ယောက်ဆိုတာ အပြစ်တင်ပြောဆိုနေတာထကထက် ပြဿနာကို ဘယ်လိုဖြေရှင်းရမလဲ ၊ ဘယ်လိုမျိုးလုပ်ကိုင်သင့်လဲဆိုတာတွေကို လမ်းညွှန်ပြောပြရမှာဖြစ်ပါတယ်။
🚩မျက်နှာလိုက်ခြင်း
လုပ်ငန်းခွင်မှာ တစ်ချို့လူတွေကသာ ရာထူးတက်သွားတယ် ၊ အထူးအခွင့်ရေးတွေရနေတာမျိုးတွေ ကြုံတွေ့နေရပြီဆိုရင်တော့ သင့်ရဲ့လုပ်ငန်းခွင်မှာ Toxic Work Environment တစ်ခုဖြစ်နေပြီဖြစ်ကြောင်းပြနေတဲ့ Red Flag တစ်ခုဖြစ်ပါတယ်။ Manager ကောင်းတစ်ယောက်ဟာ လုပ်ငန်းခွင်မှာ မျှမျှတတနဲ့စီမံခန့်ခွဲအုပ်ချုပ်ရမှာပါ။
🚩 Overpromising တွေပေးခြင်း
Promotions တွေရမယ် ၊ လစာတွေတိုးမယ် စသဖြင့် အမှန်တကယ် လုပ်ဆောင်ပေးနေတာမျိုးမရှိဘဲ ဝန်ထမ်းကို အမြဲတမ်းမျှော်လင့်ချက် ကတိတွေအလွန်အကျူးပေးတက်တာမျိုးတွေလုပ်တာ ကြုံနေရပြီဆိုရင်လည်း ဒါဟာ Red Flag Sign တစ်ခုဖြစ်ပြီး ၊ Overpromising တွေပေးပြီး ကိုယ်ရဲ့ လုပ်နိုင်စွမ်းဘောင်ထက်ကျော်လွန်ပြီး လုပ်ဆောင်ခိုင်းတာမျိုးရှိရင်လည်း ငြင်းဆန်ဖို့လိုပါတယ်။
🚩တစ်ကိုယ်ကောင်းဆန်ခြင်း / တာဝန်ယူမှု ၊ တာဝန်ခံမှုမရှိခြင်း
အဖွဲ့အစည်းလိုက်လုပ်ဆောင်တဲ့ Project တွေမှာ အထက်အရာရှိတစ်ဦးတည်းကသာ အမြဲတမ်းနာမည်ကောင်းယူတာ ၊ လက်အောက်က ဝန်ထမ်းများထက် တစ်ကိုယ်ရေအဆင်ပြေရေးကိုဘဲ စဉ်းစားအမြတ်ထုတ်တာမျိုးတွေ ၊ ပြဿနာတစ်စုံတစ်ရာတက်လာရင်လည်း လက်အောက်ဝန်ထမ်းတွေကိုသာ လွှဲချပြီး ခေါင်းရှောင်တာမျိုးတွေဟာလည်း ခေါင်းဆောင်ကောင်းမပီသတဲ့ Red Flag Type ဖြစ်ပါတယ်။
.
❗👨💼ဒီအချက်တွေကတော့ Red Flag အထက်အရာရှိ၊ Manager တွေမှာ ရှိတဲ့ Toxic Trait တွေဖြစ်ပြီး ၊ ဒီလို Red Flag Manager တွေနဲ့ကြုံတွေ့ရတဲ့အခါ ဖြေရှင်းနည်း ( ၂ ) ခုရှိပါတယ်။
👇🏻
📌 အလုပ်မဝင်ခင် Interview မှာကတည်းက ကိုယ်လျှောက်တဲ့လုပ်ငန်းခွင်ရဲ့ စီမံအုပ်ချုပ်မှုပုံစံကို အကြမ်းဖျင်းကြိုမေးပါ။
▪️ကိုယ်ဘယ်လို အထက်အရာရှိ လက်တွဲလုပ်ရမှာလဲ။
▪️လုပ်ငန်းခွင်စီမံအုပ်ချုပ်တဲ့ပုံစံက ဘယ်လိုရှိလဲ။
▪️ဘယ်လိုမျိုး ဝန်ထမ်းတွေအတွက် အထောက်အပံ့မျိုးပေးလဲ _ ဆိုတာတွေကို ပွင့်ပွင့်လင်းလင်းမေးမြန်းပါ။
📌လက်ရှိလုပ်ငန်းခွင်မှာ ဒီလိုမျိုး Red Flag ရှိနေတဲ့ အထက်အရာရှိ ၊ မန်နေဂျာတွေနဲ့တွဲလုပ်နေရတယ်ဆိုရင်_
✔️နေ့စဉ်အလုပ်လုပ်တဲ့အခါမှာ နေ့စွဲနဲ့တကွ စနစ်တကျမှတ်သားထားပါ။
✔️ ဝန်ထမ်းစီမံခန့်ခွဲရေး ( HR ) ကို တိုင်ပါ။
✔️ Professional ဆန်ဆန် ကိုယ့်အလုပ်ကိုသာ အကောင်းဆုံးလုပ်ပါ။
✔️ ပြောင်းလဲတိုးတက်မှုမရှိရင် အလုပ်ပြောင်းဖို့ကိုကြိုတင်စီစဉ်ပါ။
💼💯ပိုကောင်းတဲ့ လုပ်ငန်းခွင်နေရာမှာ ကိုယ့်ရဲ့ Career ကိုအကောင်းဆုံး တည်ဆောက် ချင်တယ်ဆိုရင်တော့ အခုဘဲ Career Link နဲ့တစ်ဆင့်ချိတ်ဆက်ပြီး ပြည်တွင်း ၊ ပြည်ပ အလုပ်ကိုင်အခွင့်ရေးတွေကို ရှာဖွေနိုင်ပါပြီ။