Resume တစ်ခုမှာပါဝင်တဲ့ Red Flag တွေကို ဘယ်လိုရှာမလဲ
လုပ်ငန်းရှင်တွေအနေနဲ့ ကိုယ့်လုပ်ငန်းအတွက် ဝန်ထမ်းတွေရွေးချယ်ခေါ်ယူတဲ့အခါမှာ အရွေးမမှားစေဖို့အတွက် Resume ဖတ်ရုံနဲ့ Red Flag ဖြစ်ကြောင်းကိုသိစေနိုင်မယ့် အချက်လေးတွေရှိပါတယ်။
အောက်ပါပြောပြထားတဲ့ အချက် ( ၅ ) ချက်ထဲက တစ်ချက် သို့မဟုတ် တစ်ချက် ပါဝင်နေတယ်ဆိုရင်တော့ Red Flag Resume တစ်ခုဖြစ်ကြောင်းကို သိနိုင်စေမှာပါ။
👇
၁။🚩 အရမ်းရိုးရှင်းပြီး (သို့) ရူပ်ထွေးနေတဲ့ Resume များ။
Resume တစ်ခုကိုဖတ်လိုက်တဲ့အခါမှာ ဘာမှမပါဝင်ဘဲ အရမ်းရိုးရှင်းနေတဲ့ Resume တွေ ဒါမှမဟုတ် စနစ်တကျမရှိဘဲ စာပိုဒ်တွေအများကြီးဖြင့် ရူပ်ထွေးများပြားနေတဲ့ Resume တွေဟာ Professional မရှိကြောင်းပြနေတဲ့ Red Flag တစ်ခုဖြစ်ပါတယ်။
၂။ 🚩 တစ်နှစ်အတွင်း အလုပ်တွေအများကြီးပြောင်းထားတာ။
Resume ရဲ့ Working Experience နေရာမှာ ( ၁ ) နှစ်အတွင်းမှာ အလုပ် ( ၃ ) ခုထက်မနည်းပြောင်းထားတယ်ဆိုရင်တော့ ဒါဟာ သတိထားရမယ့်အချက်တစ်ချက်ဖြစ်ပြီး ၊ ဒီလို Candidate မျိုးဟာ ကိုယ့်လုပ်ငန်းမှာလည်းရေရှည်လုပ်ဆောင်နိုင်ဖို့ ဖြစ်နိုင်ချေမရှိတဲ့ Red Flag တစ်ခုဖြစ်နိုင်ပါတယ်။
၃။🚩 အလုပ်တစ်ခုနဲ့တစ်ခုကြား နှစ်တွေအရမ်းခြားနေတာ။
အလုပ်တစ်ခုနဲ့တစ်ခုကြားမှာ အချိန်ကာလတစ်ခုခြားနေတယ်ဆိုရင်တော့ ဒါဟာလည်း Red Flag တစ်ခုဖြစ်နိုင်ပါတယ်။ မိသားစုကိစ္စ ၊ ကျန်းမာရေး ၊ အလုပ်အကိုင် အမျိုးမျိုးကြောင့် Career Gap ဖြစ်နိုင်တာမျိုးတွေရှိနိုင်ပေမယ့် ၊ တစ်ခါတစ်ရံမှာ အလုပ်အကိုင် အခြေတကျမလုပ်တက်တာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် လုပ်သက်တစ်ခုနဲ့တစ်ခုကြောင်း နှစ်တွေအရမ်းကွာခြားနေတယ်ဆိုရင်တော့ ဘာကြောင့်လဲဆိုတဲ့ ဖြေရှင်းချက်မျိုးကို Interview မှာ မေးမြန်းဖို့လိုအပ်ပါတယ်။
၄။🚩 အလုပ်အတွေ့အကြုံ ၊ အရည်အချင်းများ ကိုက်ညီမှုမရှိနေတာ။
ခေါ်ယူထားတဲ့ Role နဲ့မကိုက်ညီတဲ့ Skills တွေ ၊ Certification တွေ ၊ အလုပ်အတွေ့အကြုံတွေပါနေပြီဆိုရင်တော့ အလုပ်လျှောက်တဲ့ Candidates ဟာ Position အကြောင်းကိုသေချာနားမလည်တာ ၊ အလုပ်ရရင်ပြီးရောပုံစံဖြင့် လျှောက်ထားတာမျိုးတွေဖြစ်နိုင်တာကြောင့် ဒီလို Resume မျိုးဆိုရင်လည်း Red Flag တစ်ခုဖြစ်ပါတယ်။
၅။ 🚩စာလုံးပုံသတ်ပုံတွေ မှားယွင်းနေတာ။
Resume ဆိုတာ Candidate တစ်ယောက်ရဲ့ First Impression ဖြစ်ပြီးတော့ ၊ ဒီလိုမျိုးနေရာမှာ စာလုံးပုံသတ်ပုံတွေမှားယွင်းနေတာက Professional မဆန်တာ ၊ အလေးမထားတာမျိုးကိုပြနေတဲ့အရာဖြစ်ပြီး ၊ လုပ်ငန်းအတွက် အသေးစိတ်စနစ်ကျတဲ့ Attention to Detail မျိုးကိုလိုချင်တယ်ဆိုရင်တော့ ဒီလို Resume တွေဟာ Red Flag တစ်ခုဖြစ်ပါတယ်။
----------------------------------------------------
🚩 ဒီလိုမျိုး ❗RED FLAG RESUME ❗တွေကို အချိန်ကုန်ခံဖတ်ရူစရာမလိုဘဲ ကိုယ့်ရဲ့ လုပ်ငန်းအတွက် စိတ်ချရတဲ့ Top Talents တွေကို ရှာဖွေချင်တယ်ဆိုရင်တော့ Career Link ကနေတစ်ဆင့် ( ၂၄ ) နာရီအတွင်း ဝန်ထမ်းများကို အလွယ်တကူ ရှာဖွေနိုင်နေပါပြီ။