ဝန်ထမ်းခေါ်ယူခြင်း၊ Interview အချိန်ညှိနှိုင်းခြင်းနှင့် ဝန်ထမ်းအသစ်များ၏ အလုပ်ဝင်စာရွက်စာတမ်းများ ပြင်ဆင်ခြင်း။
ဝန်ထမ်းကိုယ်ရေးအချက်အလက်၊ အလုပ်ခန့်စာနှင့် HR ဆိုင်ရာ မှတ်တမ်းများကို စနစ်တကျ ထိန်းသိမ်းခြင်း။
ဝန်ထမ်းအလုပ်တက်ရောက်မှု၊ ခွင့်၊ နောက်ကျမှုနှင့် အချိန်ပိုမှတ်တမ်းများကို စုစည်းစစ်ဆေးခြင်း။
လစာတွက်ချက်ရန် လိုအပ်သော Attendance နှင့် သက်ဆိုင်ရာအချက်အလက်များကို ပြင်ဆင်ပေးခြင်း။
ရုံးသုံးပစ္စည်းများ၊ ရုံးစာရွက်စာတမ်းများနှင့် နေ့စဉ်ရုံးစီမံရေးရာလုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ခြင်း။
ရုံး၊ Store နှင့် Site တို့အကြား ပစ္စည်းပို့ဆောင်မှုနှင့် လိုအပ်သော စာရွက်စာတမ်းများကို ညှိနှိုင်းစီစဉ်ခြင်း။
လိုအပ်ပါက Store သို့ သွားရောက်ခြင်းနှင့် Site သို့ ပစ္စည်းပို့ဆောင်ရေးကိစ္စများ ဆောင်ရွက်ခြင်း။
ဝန်ထမ်းရေးရာကိစ္စများကို သက်ဆိုင်ရာတာဝန်ရှိသူထံ တင်ပြ၍ ဝန်ထမ်းအချက်အလက်များကို လျှို့ဝှက်စွာ ထိန်းသိမ်းခြင်း။
အသိအမှတ်ပြု တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိထားပြီး သက်ဆိုင်ရာ Certificate ရှိရမည်။
Admin & HR လုပ်ငန်းအတွေ့အကြုံ (၂) နှစ်အထက် ရှိရမည်။
Microsoft Word နှင့် Excel ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
စာရွက်စာတမ်းနှင့် ဝန်ထမ်းမှတ်တမ်းများကို စနစ်တကျ၊ တိကျစွာ ကိုင်တွယ်နိုင်ရမည်။
ဆက်ဆံရေးပြေပြစ်ပြီး ဝန်ထမ်းများ၊ သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရမည်။
လုပ်ငန်းဖိအားအောက်တွင် လုပ်ကိုင်နိုင်ပြီး သတ်မှတ်အချိန်အတွင်း တာဝန်များ ပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။
အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်ရမည်။
လိုအပ်ပါက Store နှင့် Site များသို့ သွားလာ၍ ပစ္စည်းပို့ဆောင်ရေးကိစ္စများ ဆောင်ရွက်နိုင်ရမည်။
လစာ — ညှိနှိုင်းသတ်မှတ်မည်။
အလုပ်ချိန် — နံနက် ၈:၀၀ မှ ညနေ ၅:၀၀ အထိ။
ပိတ်ရက် — စနေနေ့ နေ့တစ်ဝက်၊ တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များ။