Drawing နှင့် Specification များအပေါ် အခြေခံ၍ လုပ်ငန်းပမာဏတွက်ချက်ခြင်း (Quantity Take-off)၊ BOQ နှင့် ကုန်ကျစရိတ်ခန့်မှန်းစာရင်းများ ပြုစုခြင်း။
ဆောက်လုပ်ရေးပစ္စည်း၊ လုပ်အားခနှင့် စက်ယန္တရားအသုံးပြုခများကို စိစစ်၍ Unit Rate Analysis နှင့် Budget များ ရေးဆွဲခြင်း။
Supplier နှင့် Subcontractor များ၏ Quotation များကို နှိုင်းယှဉ်စိစစ်၍ သက်ဆိုင်ရာတာဝန်ရှိသူထံ တင်ပြခြင်း။
Site ရှိ လုပ်ငန်းပြီးစီးမှုပမာဏများကို စစ်ဆေး၍ Progress Claim နှင့် Subcontractor Payment စာရင်းများ ပြုစုစစ်ဆေးခြင်း။
လုပ်ငန်းအပြောင်းအလဲများအတွက် Variation Order နှင့် ထပ်တိုး/လျှော့ချကုန်ကျစရိတ်များ တွက်ချက်တင်ပြခြင်း။
အမှန်တကယ်ကုန်ကျစရိတ်နှင့် Budget ကို နှိုင်းယှဉ်၍ Cost Report များ ပြုစုတင်ပြခြင်း။
Site Engineer၊ Site Supervisor နှင့် သက်ဆိုင်ရာဌာနများအား ပူးပေါင်းညှိနှိုင်း၍ စာရင်းအချက်အလက်များ တိကျစေရန် ဆောင်ရွက်ခြင်း။
လိုအပ်ပါက Site သို့ သွားရောက်၍ လုပ်ငန်းပမာဏတိုင်းတာစစ်ဆေးခြင်းနှင့် လုပ်ငန်းအပြီးသတ်စာရင်း (Final Account) ပြုစုခြင်း။
B.E (Civil) ဘွဲ့ရရှိထားသူ ဖြစ်ရမည်။
သက်ဆိုင်ရာ QS လုပ်ငန်းအတွေ့အကြုံ (၅) နှစ်အထက် ရှိရမည်။
Microsoft Word၊ Excel နှင့် AutoCAD (2D/3D) ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
Drawing ဖတ်ရှုခြင်း၊ လုပ်ငန်းပမာဏတွက်ချက်ခြင်းနှင့် ကုန်ကျစရိတ်စိစစ်ခြင်းတို့ကို တိကျစွာ ဆောင်ရွက်နိုင်ရမည်။
ဆက်ဆံရေးပြေပြစ်၍ ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရမည်။
လုပ်ငန်းဖိအားအောက်တွင် တာဝန်ယူလုပ်ကိုင်နိုင်ပြီး သတ်မှတ်အချိန်အတွင်း အလုပ်ပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။
အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်ပြီး လိုအပ်ပါက Site သို့ သွားလာနိုင်ရမည်။
လစာ — ညှိနှိုင်းသတ်မှတ်မည်။
အလုပ်ချိန် — နံနက် ၈:၀၀ မှ ညနေ ၅:၀၀ အထိ။
ပိတ်ရက် — စနေနေ့ နေ့တစ်ဝက်၊ တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များ။