အတည်ပြုထားသော Drawing၊ Specification နှင့် လုပ်ငန်းအစီအစဉ်များအတိုင်း Site လုပ်ငန်းများကို ကြီးကြပ်ဆောင်ရွက်ခြင်း။
လုပ်ငန်းခွင်ရှိ Setting-out၊ Level နှင့် Dimension များ မှန်ကန်မှုကို စစ်ဆေးခြင်း။
ဆောက်လုပ်ရေးပစ္စည်းများနှင့် လုပ်ငန်းဆောင်ရွက်မှုအရည်အသွေးကို စစ်ဆေး၍ သတ်မှတ်စံချိန်စံညွှန်းများနှင့် ကိုက်ညီစေရန် ဆောင်ရွက်ခြင်း။
Site Supervisor၊ လုပ်သားအဖွဲ့နှင့် Subcontractor များအား နည်းပညာပိုင်းဆိုင်ရာ လမ်းညွှန်ခြင်းနှင့် လုပ်ငန်းညှိနှိုင်းခြင်း။
လုပ်ငန်းအဆင့်အလိုက် လိုအပ်သော ပစ္စည်း၊ လုပ်သားနှင့် စက်ယန္တရားများကို ကြိုတင်စီစဉ်တင်ပြခြင်း။
နေ့စဉ်လုပ်ငန်းတိုးတက်မှု၊ အခက်အခဲနှင့် နည်းပညာပိုင်းဆိုင်ရာ ပြဿနာများကို သက်ဆိုင်ရာတာဝန်ရှိသူထံ အချိန်မီ တင်ပြခြင်း။
QS နှင့် ပူးပေါင်း၍ လုပ်ငန်းပြီးစီးမှုပမာဏများ စစ်ဆေးခြင်းနှင့် အပြောင်းအလဲများကို မှတ်တမ်းတင်ခြင်း။
လုပ်ငန်းခွင်ဘေးကင်းရေး စည်းကမ်းများ လိုက်နာစေရန် ကြီးကြပ်၍ တွေ့ရှိသော ချို့ယွင်းချက်များကို ပြုပြင်ဆောင်ရွက်စေခြင်း။
B.E (Civil) ဘွဲ့ရရှိထားသူ ဖြစ်ရမည်။
သက်ဆိုင်ရာလုပ်ငန်းအတွေ့အကြုံ (၃) နှစ်အထက် ရှိရမည်။
Microsoft Word၊ Excel နှင့် AutoCAD (2D/3D) ကို ကျွမ်းကျင်စွာ အသုံးပြုနိုင်ရမည်။
Engineering Drawing များကို နားလည်ဖတ်ရှုနိုင်ပြီး Site လုပ်ငန်းများတွင် လက်တွေ့အသုံးချနိုင်ရမည်။
ဆက်ဆံရေးပြေပြစ်၍ လုပ်ငန်းခွင်အတွင်း ပူးပေါင်းညှိနှိုင်းဆောင်ရွက်နိုင်ရမည်။
လုပ်ငန်းဖိအားအောက်တွင် လုပ်ကိုင်နိုင်ပြီး သတ်မှတ်အချိန်အတွင်း အလုပ်ပြီးစီးအောင် ဆောင်ရွက်နိုင်ရမည်။
အသင်းအဖွဲ့နှင့် ပူးပေါင်းလုပ်ကိုင်နိုင်ပြီး လိုအပ်သည့် Site များသို့ သွားလာနိုင်ရမည်။
လစာ — ညှိနှိုင်းသတ်မှတ်မည်။
အလုပ်ချိန် — နံနက် ၈:၀၀ မှ ညနေ ၅:၀၀ အထိ။
ပိတ်ရက် — စနေနေ့ နေ့တစ်ဝက်၊ တနင်္ဂနွေနေ့နှင့် အစိုးရရုံးပိတ်ရက်များ။